28 C
Yangon

ကသိုင်းတောင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီဟု သိရှိထားသော ဇော်မင်းထွန်း၏ အမျိုး ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထပ်မံ လွတ်မြောက်သွားပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်တိုက်ပွဲတွင် သေဆုံးခဲ့ပြီဟု သိရှိထားသော အကြမ်းဖက် ဇော်မင်းထွန်းနှင့် အမျိုးတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထပ်မံ လွတ်မြောက်သွားကြောင်း KIA သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနှစ် မတ်လ ၁၀ ရက်နေ့ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်တွင်ရှိသော စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော မဟာ မိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ပွဲတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း သေ ဆုံးခဲ့သည်ဟု သိရှိထားခဲ့ကြောင်း၊ အဆိုပါ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းနှင့် အမျိုးတော်စပ်သည်ဟု သိရှိထားကြောင်း၊ ဖားကန့်မြို့နယ်၊ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲရာတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး သက်ပိုင်ထွန်းပါဝင်ခဲ့ကြောင်း၊ ယမန်နေ့ Lucky Men ဟို တယ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ချိန်တွင်လည်း ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်းထွန်းမှာ လွတ်မြောက်သွားခဲ့သည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

“အဲဒီ ဇော်မင်းထွန်း အမျိုးဆိုလား၊ တူဆိုလား ခမရ ၁၁၉ တပ်ရင်းမှူးက ကသိုင်းတောင် တိုက်ပွဲမှာလည်းမသေခဲ့ဘဲ လွတ်လာတယ်။ Lucky Men မှာ တပ်စွဲတဲ့ စစ်ကြောင်းမှာပါပြီးတော့ မနေ့ကလည်း ဟိုတယ်ကို တက်သိမ်းတော့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်။ အခုထက်ထိတော့ ဖမ်းမမိသေးဘူး။ ရှာနေတုန်းပဲ။ Lucky Men ဟိုတယ်မှာ လွတ်မြောက်သွားတာက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းနဲ့ ၁၀ ဦးလောက် ထွက်ပြေး လွတ်မြောက် သွားတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့ ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ် စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်တကွ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး ၂၀ ဦးမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article