28 C
Yangon

ဟားခါးမြို့ပေါ်မှ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်မှု ဆုငွေချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် ၁ ဦးသည် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာသဖြင့် CDF ဟားခါးက ဆုငွေချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ပို့ဆောင်လိုက်ကြောင်း CDF ဟားခါး၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အောက်တိုဘာ ၈ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တပ်ဖွဲ့ဝင်တစ်ဦးသည် တာဝန်ကျရာ ဟားခါးမြို့ပေါ်မှ CDF ဟားခါးထံသို့ အလင်းဝင်ရောက်လာကြောင်း၊ လက်နက်ခဲယမ်းများကိုလည်း တစ်ပါးတည်း ယူဆောင်လာကြောင်း သိရှိရသည်။

အလင်းဝင်လာသော ရဲတပ်ဖွဲ့ဝင်ကို CDF ဟားခါးက ဆုငွေချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာသို့ပါ ပို့ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်တော်သားများအနေဖြင့် CDM ဝင်လိုပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အလင်းဝင်လာသူများ၏ လုံခြုံရေးကို အာမခံပေးမည်ဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် CDF-Hakha ထံသို့ စစ်ကောင်စီဘက်တော်သားများ တောက်လျှောက်ဆိုသလို အလင်းဝင်လျက်ရှိပြီး စက်တင် ဘာလအတွင်း ဟားခါးမြို့ပေါ်မှ ရဲအရာရှိ ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးအလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article