28 C
Yangon

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်းဝင်သူများကို လက် နက် ၄၀၀ ကျော်နှင့်အတူ ဖမ်းဆီးရရှိထားဟု စစ်ကိုင်းပကဖ ထုတ်ပြန်

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်းဝင်သူများကို လက်နက် ၄၀၀ ကျော်နှင့်အတူ ဖမ်းဆီးရရှိထားကြောင်း စစ်ကိုင်းတိုင်းပကဖက သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပင်လည်ဘူးမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲများနေ့စဥ်ဆင်နွှဲပြီးနောက် တမြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချဆုတ်ခွာခွင့်တောင်း ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက အလုံးစုံ ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်း ပင်လည်ဘူးရဲစခန်းနှင့် စစ်ကူလာရောက်သော ဘဏ်ကုန်းရှိ စကစတပ်ဖွဲ့ဝင်များက ဒဏ် ရာရသူများ၊မိသားစုဝင်များနှင့် ရိက္ခာပြတ်လပ်ခြင်းကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုပါရန် ခွင့်တောင်းခံလာသဖြင့် ချက်ချင်း စီစဥ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပင်လည်ဘူး မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ချသူများသည် ဝန်းသိုမြို့သို့ဆုတ်ခွာခွင့်ပြုခဲ့ပြီး အ​ခြား ​ဖမ်းဆီရမိသုံ့ပန်းများကိုကောင်းမွန်စွာ ​ထိန်းသိမ်းထားရှိလျက်ရှိကြောင်း ၊ ပင်လည်ဘူးတွင် ခမရ ၃၀၁၊ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း ၆၁၄၊ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ကူ ၄ ကြိမ်ပေးခဲ့ကြောင်း၊ စစ်ကူတပ်ရင်းများမှာ ခမရ ၃၆၃၊ ခမရ၁၆၊ ခမရ၃၆၈၊ခမရ ၈၇ စုစုပေါင်းတပ်ရင်း ၁၁ရင်းခန့်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက မြို့မကျစေရေးအတွက် လေယာဉ် စီးရေ ၁၃၀ ကျော်ဖြင့် ပေါင် ၅၀၀၊၃၀၀၊၂၀၀ စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲဖြ​စ်ကြောင်း၊

စစ် ဆင် ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းတစ်ခုလုံးကိုချေမှုန်းဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိကာ လာရောက်အလင်းဝင်ပူးပေါင်းသည့် စကစတပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရှိရသည်။

ထို့ပြင် ပင်လည်ဘူး ရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ ၈၀ ဝန်းကျင် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆင်ရေးကာလအတွင်း အမှတ်၁စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်KIAမှတပ်ဖွဲ့ဝင်များ ၊ အမှတ်၁စစ်ဒေသ စစ် ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ )လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ ၊ ကန့်ဘလူခရိုင်’ပကဖ)လှုပ်ရှားတိုက်ခိုက်​ရေး တပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ )ဒရုန်းတပ်ဖွဲ့နှင့်တိုက် ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင်(ပကဖ)လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ(ကောလင်း၊ဝန်းသို၊ပင်လည်ဘူး မြို့နယ် ပကဖတပ်ဖွဲ့ဝင်များ) ပြည်သူ့ လုံခြုံရေး အဖွဲ့ (ပလဖ)များ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article