30 C
Yangon

မြန်မာသံရုံးကို လူကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ထောက်ခံစာအတုဖြင့် ထိုင်းဗီဇာ သက်တမ်းတိုးသူများ ရှိသည်ဟုဆိုကာ passport ဖျက်သိမ်းသည်အထိ အရေးယူမည်ဟု စစ်တပ် လက်အောက်ခံ မြန်မာသံရုံးက ကြေညာ

Must read

မြန်မာသံရုံးကို လူကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ထောက်ခံစာအတုဖြင့် ထိုင်းဗီဇာ သက်တမ်းတိုးသူများ ရှိသည်ဟုဆိုကာ passport ဖျက်သိမ်းသည်အထိ အရေးယူမည်ဟု စစ်တပ် လက်အောက်ခံ မြန်မာသံရုံးက ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၉

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၏ ထောက်ခံစာ အတုဖြင့် ဗီဇာသက်တမ်းတိုးဆောင်ရွက်သူရှိနေပြီး အောက်တိုဘာလ ၂၅ ရက်နေ့မတိုင်ခင်လာရောက် အသိပေး ရှင်းလင်းရန်နှင့် မရှင်းလင်းပါက နိုင်ငံကူးလက်မှတ်ကို Null and Void ကြေညာဖျက်သိမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်၍ ထောက်ခံစာ မပြုလုပ်သူများ သတိပြုရန် ဘန်ကောက်ရှိ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။

ရက်ကျော်လွန်နေထိုင်သူအချို့သည် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လာရောက်၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး၏ ထောက်ခံစာ အတုဖြင့် သက်တမ်းတိုးရန်ကြိုးပမ်းခြင်းဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းတိုးနိုင်ရန် ထောက်ခံစာ ပြုလုပ်လိုသူများ နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက်ကျန်ရှိသူများကိုသာ ပြုလုပ်ပေးမည်ဖြစ်ပြီး ထောက်ခံစာ အတုလုပ်သူများနှင့် အတုအပထောက်ခံစာဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ လာရောက်သူများ တွေ့ရှိပါက နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

Passport No. MF364672 (Date of Birth 01 March 1997) ကိုင်ဆောင်သူသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး (ဘန်ကောက်) သို့ လာရောက်သတင်းပို့ ရှင်းလင်းရန်နှင့် အောင်တိုဘာလ ၂၅ ရက်နေ့အတွင်း မလာရောက်ပါက နိုင်ငံကူးလက်မှတ်ကို Null and Void ကြေညာဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဘန်ကောက်ရှိ မြန်မာသံရုံးအနေနှင့် ထောက်ခံစာနှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် သက်ဆိုင်ရာနိုင်ငံ၏ ဌာနများသို့ သံရုံး၏ ကောင်စစ်အရာရှိများ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့သော ထောက်ခံစာများ၏ စာနံပါတ်နှင့် ရက်စွဲတို့ကို ပေးပို့ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ ဌာနများအနေဖြင့် ထောက်ခံစာတစ်စောင်အပေါ် သံသယရှိပါက ချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း၊ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားကာ စာနံပါတ်၊ ရက်စွဲ၊ ထုတ်ပေးသူအမည်တို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်နိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

Visa_MyanmarBKK_03_Sidewall_20160212_IMG_150024.jpg
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article