26 C
Yangon

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်အိုးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

Must read

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျောက်အိုးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျောက်အိုးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်အိုးရွာ (မြောက်) ရွာကို ဝင်ရောက် စီးနင်းပြီးနောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျောက်ရှိ ပြည်သူ ၂၀ ခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သီးပင်အိုင်ရွာတွင် တပ်စွဲထားပြီး ပြည်သူ အများအပြားကိုလည်း ဓါးစားခံ အဖြစ် ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“စစ်ခွေးတွေ စစ်ကြောင်းထိုးရာ လမ်းတစ်လျောက်မှာရှိတဲ့ ပြည်သူ ၂၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ကျောက်အိုးရွာ (မြောက်) ရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ယုတ်မာတာကတော့ လွန်လွန်းနေပါပြီ မဆိုင်တဲ့ ပြည်သူကို ပတ်ရမ်းနေတာမို့ ပြည်သူ့အမုန်းကို ပိုပြီးသာခံရမယ်။ တွေ့သမျှ ဖမ်းဆီး ၊သတ်ဖြတ်၊ ခိုး၊ လုယက်နေလို့ သူတို့ထောက်ခံနေသူတွေပါ ခံရလာတော့ သူတို့ကပါ စစ်ခွေးတွေကို မထောက်ခံကြတော့ပါဘူး” ဟု Budalin Mobile Team-BMT (ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ တစ်ရွာကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article