27 C
Yangon

သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၆၀ ကျော်ကျဲချ တိုက်ခိုက်မှု သီလရှင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

Must read

သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၆၀ ကျော်ကျဲချ တိုက်ခိုက်မှု သီလရှင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ၊ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ များကို စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် ကျဲချခဲ့ရာ သီလရှင် ၁ ပါး ပျံလွန် တော်မူခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သီပေါ်မြို့၊ ရွှေကျောင်းရပ်ကွက်နှင့် ပန်း တိမ်တောာင်ရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချခဲ့ရာ ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနှင့် ပန်တိမ်တောင်ရပ်ကွက် ရှိ ဦးအိုက်တူး၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၈ ရက် ည ၁၀ နာရီကျော်အချိန်တွင် သီပေါမြို့ တောင်မြို့ရပ် ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် နမ့်ငုံးကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင် စီတပ်က Y -12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ကျော် ကျဲချခဲ့ရာ နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင် ၁ ပါး ပျံလွန်တော်မူခဲ့ကာ ဦးမြင့်လွင်တို့ လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article