31 C
Yangon

MNDAA သိမ်းပိုက်ထားသော သိန္နီမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးဒဏ်ရာရပြီး နေအိမ်၊ကားနှင့်အဆောက်အုံများ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များနှင့် MNDAA သိမ်းပိုက်ထားသော သိန္နီမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၅ ဦးဒဏ်ရာရရှိကြောင်း MNDAA က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်အချိန် သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာ ရှိလူနေအိမ်များကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း၊ လူသေဆုံးမှုမရှိသော်လည်း ဒဏ်ရာရပြည်သူ ၅ ဦးရှိကြောင်း၊ သိန္နီမြို့တွင်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်းလိုင်းသာရရှိကြောင်း သိရှိရသည်။

ရှမ်းပြည်မြောက် ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင် ချို၊ နမ့်ခမ်း၊ လားရှိးနှင့် မိုင်းရယ်မြို့တို့တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်မှ အောက် တို ဘာလ ၆ ရက်အတွင်း စစ်ကောင်စီ ၏ လေ ကြောင်း တိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ် မှုများကြောင့် အရပ်သား ၅၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင် ကျောင်းများ၊ ဘုရားစေတီများ၊ ဟော်တယ် များ၊ တက္ကသိုလ်များ အပါအဝင် အဆောက် အဦး ၄၅၀ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ စစ်ကောင်စီ၏ ပစ်မှတ်ထားခံနေရသော နယ်မြေများဖြစ်သည့် သီပေါမြိုနှင့် နောင်ချို မြိုတိုတွင် စစ်ရေးပဋိပက္ခများ ရှိနေသော် လည်း အရပ်သား သေဆုံးမှုနှင့် လူနေအ ဆောက် အဦးများ ပျက်စီးမှု အများစုမှာ လက်ရှိ တိုက်ပွဲများ မရှိသေးသည့် ခုခံ ထိန်း ချုပ်မှုနယ်မြေများရှိ လေကြောင်း တိုက်ခိုက် မှု များကြောင့် ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article