33 C
Yangon

ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

Must read

ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

ရန်ကုန်၊ အောက်တိုဘာ ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း Earthquake People`s Defense Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၉ ရက် နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား အောင်ဗိုလ်မင်းသည် အူစီအမျိုးအစားကျည်ဘောက်၂ ဘောက်၊ 9mm ကျည် အတောင့် ၁၀၀ တို့ကို ယူဆောင်ကာ Earthquake People’s Defense Force ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် အသက် ၃၁ နှစ်အရွယ် ရဲတပ်သားအောင်ဗိုလ်မင်းကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က နွေးထွေးပျူငှားစွာကြိုဆိုလက်ခံပြီး သက်ဆိုင်သည့် လုံခြုံသောနေရာအား အသက်အာမခံချက် အပြည့်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင် ပြောဆိုသည်။

ပခုက္ကူမြို့ပေါ် စခန်းအသီးသီးမှ စစ်ကောင်စီဘက်တော်သားများအနေဖြင့် ပြည်သူလူထုအပေါ် လူမ ဆန်ဘဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော အကြမ်းဖက်စစ်တပ်အား အမြန် စွန့်ခွာ၍ အသက်အသေမခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစု များရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article