29 C
Yangon

သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနှင့် နောက်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနှင့် နောက်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနှင့် နောက်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်း တို့တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနှင့် ညနေ ၅ နာရီ ၈ မိနစ်ခန့်တွင် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၃၅၄ တပ်စခန်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၄ ကြိမ်နှင့် Y12 ဖြင့် ၁ ကြိမ် ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ဘန့်ဘွေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေမောင်းတန်းရွာနှင့် ဂန့်ကော်ရွာကို ဟောင်၀ှစ်ဇာ လက်နက်ကြီး ၁ ကြိမ် ဗုံးသီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာကိုလည်း အကြမ်းဖက် စစ်တပ်က ထောက်ပို့လေယာဉ် Y-12 ဖြင့် ၁၁ ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကျဲချ ခဲ့ကြောင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်အင်အားပြန်လည် ဖြည့်တင်းရန် ကြိုးပမ်းနေပြီး စစ်တပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article