29 C
Yangon

ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုနှင့်စစ်သည်တော်ကျင့်ဝတ် သင်တန်းပို့ချပြီးစီး

Must read

ဂန့်ဂေါခရိုင်အတွင်းရှိ တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုနှင့်စစ်သည်တော်ကျင့်ဝတ် သင်တန်းပို့ချပြီးစီး

ရန်ကုန်၊ အောက်တိုဘာ ၁၁

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းအတွင်းရှိ တပ်ရင်း ၅ ရင်း စုဖွဲ့လေ့ကျင့်မှုနှင့် စစ်သည်တော် ကျင့် ဝတ်သင်တန်း ပို့ချခြင်းကို အောက်တိုဘာလ ပထမ အပတ်တွင် ပြီးစီးသွားပြီ ဖြစ်ကြောင်း Yaw Revolition Army – Htilin မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

ဇူလိုင်လ ၂၄ ရက် နေ့မှ စတင်ကာ ဂန့်ဂေါခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုများ ပိုမို ကျစ်လစ် အားကောင်းစေရန် ရည်ရွယ်၍ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့် အညီ ခရိုင်အမှတ် ၁၃၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ တပ်ရင်းများ စုဖွဲ့လေ့ကျင့်မှုအဖြစ် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး NUG MOD မှ ချမှတ်ထား သော ရဲဘော်များလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများလည်း သင်တန်း နေရာ ၂ ခုခွဲ ကာ ပို့ချခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article