29 C
Yangon

နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာလိုက်ရ

Must read

နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာလိုက်ရ

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာလိုက်ရကြောင်း Natogyi People Defence Force တပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်သားနှင့် ရဲ အင်အား ၃၀ ခန့် တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို PDF တပ်ဖွဲ့ဝင်များက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်က ကြာမြင့်ခဲ့ပြီး စစ်သားနှင့် ရဲများ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်းအကြမ်းဖက် စစ်သားနှင့် ရဲများက အကြောက်လွန်၍ လေကြောင်း ပစ်ကူခေါ်ယူခဲ့ခြင်းကြောင့် မွန်းတည့် ၁၂ နာရီခန့်တွင် Mi 35 ၊ ဂျက်ဖိုက်တာများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နှင့် အမှတ် ၁၀ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ အချိန်မရွေးဆက်လက်ဖြစ် ပေါ်လာနိုင်သဖြင့် ပြင်စီ-တံတားဦး လမ်းပိုင်းကို အသုံးပြုခြင်း မပြုလုပ်ကြရန် Natogyi People Defence Force က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article