29 C
Yangon

လားရှိုးမြို့နယ်ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

Must read

လားရှိုးမြို့နယ်ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချပြန်

ရန်ကုန်၊ အောက်တိုဘာ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများကျဲချသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီ၏လေယာဉ်များက လားရှိုးမြို့နယ်အတွင်းသို့ ၂ ကြိမ်တိုင် ဗုံးများကျဲချသွားခြင်းဖြစ်ကြောင်း၊ အထိအခိုက်အပျက်အစီးနှင့် ကျဲချသွားသည့်နေရာအခြေအနေများကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေသည့်အတွက် အသေးစိတ်မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးမြို့ပေါ်နှင့် လားရှိုးမြို့နယ်အတွင်းတွင် လေကြောင်းအန္တရာယ် သတိထားကြရန် MNDAA က တရားဝင် ပြည်သူများကို ပြောဆိုထားပြီး ဖြစ်၍ အပျက်အစီးများ ရှိသည့်တိုင် ယနေ့ နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု မများနိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

“လေကြောင်းအန္တရာယ်က နေ့ရော ညပါ အချိန်မရွေး ကြုံနိုင်တယ်ဆိုတာ သတိပေးထားပြီးဖြစ်ပါတယ်။ လောလောဆယ်တော့ အီးနိုင်ဘက်ကို ကျဲတယ်လို့ ကြားရပေမယ့် အတိအကျ သိရဖို့ ဖုန်းလိုင်းတွေ မရဘူးဖြစ်နေတယ် ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ့ ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ လားရှိုးမြို့ကို တောက်လျှောက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူများထိခိုက်သေဆုံးဒဏ်ရာရရှိမှု များဖြစ်ပေါ်ကာ ပျက်စီးဆုံးရှုံးမှုများ အလွန်များပြားလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article