32 C
Yangon

ထားဝယ်တွင် ဆီသင်္ဘောမီးလောင်မှုအတွင်း လူ ၈ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးဟု မီးသတ်တပ်ဖွဲ့ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ ထားဝယ်ဆိပ်ကမ်းတွင် ဆီသင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေကြောင်း ထားဝယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၃၄ မိနစ်အချိန်မှစတင်၍ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ မီချီလီဆီသင်္ဘာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က မီးသတ်စက်ယာဉ် ၁၂ စီးဖြင့် Foam အမြုပ်ဆေးရည်အသုံးပြုကာ ငြိမ်းသတ်ခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင်မှ မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်

အဆိုပါ ဆီတင်သင်္ဘော မီးလောင်မှုတွင် အမျိုးသား ၇ ဦး ၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး ဆေးရုံတင်ကုသခဲ့ရကြောင်း၊ အမျိုးသား ၁ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article