29 C
Yangon

ပေါက်မြို့နယ်၊ ညောင်ဝန်းပေါက်ရွာတွင် ဖခင်ဖြစ်သူကို သတ်ဖြတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရာခံ သန်းစိုးကို မြို့နယ် ပလဖ အဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ဝန်းပေါက်ရွာတွင် ဖခင်ဖြစ်သူကို သတ်ဖြတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် တရာခံ သန်းစိုးကို ဖမ်းဆီးနိုင်ခဲ့ပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ်၊ ဇုန် ၆ နယ်မြေအတွင်းရှိ ညောင်ဝန်းပေါက်ရွာတွင် နေထိုင်သော ဖခင်ဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ သန်းစိုးကို ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော လူသတ်တရားခံ သန်းစိုးကို ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

“အဖေ အရင်းကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာပါ။ မနေ့က မနက်ပိုင်းမှာ ကျွန်တော်တို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခုလက်ရှိ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး ဆက်လက် အရေးယူမှုတွေ ဆောင်ရွက်ထားပါတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article