28 C
Yangon

ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက်တွေ့ဆုံသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ

Must read

ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက်တွေ့ဆုံသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက်တွေ့ဆုံသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးဖြစ်သည့် ဒုတပ်ကြပ် ကျော်မင်းနိုင် နှင့် ပျူစောထီး ဝေဖြိုးအောင် တို့သည် ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက် တွေ့ဆုံစဉ် Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အရှင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသည် တော်လှန်ရေး ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း၊ ဒုတပ်ကြပ် ကျော်မင်းနိုင်သည် စစ်မှုထမ်း သက်တမ်း ၂၅ နှစ်ရှိသူဖြစ်ပြီး လက်နက်ကိုင် ပျူစောထီး ဝေဖြိုးအောင် သည် စစ်မှုထမ်း သက်တမ်း ၁ နှစ် ရှိသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article