35 C
Yangon

စစ်တပ်ဘက်တော်သား ယုန်လေး ရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကား လူမကြည့်မှာ စိုးရိမ်၍ သာကေတ လူမိုက်များက ရုပ်ရှင် လက်မှတ် အတင်းအကျပ် ခြိမ်းခြောက်ရောင်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

အကြမ်းဖက် စစ်ကောင်စီဘက်တော်သား ယုန်လေး ရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကား လူမကြည့်မှာ စိုးရိမ်၍ သာကေတ လူမိုက်များဖြစ်ကြသည့် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေတို့က ရုပ်ရှင်လက်မှတ် အတင်းအကျပ် ခြိမ်းခြောက်ရောင်းနေကြောင်း သာကေတနှင့်မြို့ တွင်း သွားလာနေသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယုန်လေးရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကားကို သာကေတ လူမိုက်များဖြစ်ကြသည့် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေတို့က ဝန်းရံကြပြီး ယင်းရုပ် ရှင်ဇတ်ကားကို သွားရောက်ကြည့်ရှုကြရန်၊ ရုပ်ရှင်လက်မှတ်များ ဝယ်ကြရန် သာကေတနှင့် မြို့တွင်းမှ ပြည်သူများ၊ စီးပွား ရေးသမားများကို လူမိုက်အဖွဲ့များက ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

“ယုန်လေးရဲ့ Original Gangster 3 ရုပ်ရှင်ကို လူမိုက်တွေ့ လက်မှတ်အတင်း ၀ယ်ကြည့်ခိုင်းနေတာ။ မြို့ထဲသွားသူတချို့ကို ရုပ်ရှင်ရုံနား ကြိုတင်လက်မှတ်ရော သူတို့ကားကြည့်သူမရှိဘဲ ရုံ၀င်ငွေမရမှာစိုးတာနဲ့ အတင်းအကျပ်အနှောင့် အယှက်ပေးတယ်။ အထူးသဖြင့် သာကေတလူမိုက် ၀င်းထွဋ်၀င်း၊ သံဗုဒ္ဓေ တို့ရဲ့ လူမိုက်အဖွဲ့တွေကပါ ရုပ်ရှင်လက်မှတ်၀ယ်ခိုင်းတာရော အတင်းအကျပ်ကြည့်ဖို့ လုပ်စေတာရော လုပ်နေတာ။ သာကေတမှာ ပြည်သူတွေရော စီးပွား ရေးသမားတွေကို လူမိုက်အဖွဲ့တွေက ရုပ်ရှင်သွားကြည့်ဖို့ လိုက်ပြီး ခြိမ်းခြောက်နေတယ်”ဟု သာကေတမှ စီးပွားရေးသမားတစ်ဦးက ပြောသည်။

ယုန်လေး ရိုက်ကူးသည့် Original Gangster 3 ရုပ်ရှင်ဇတ်ကားကို ယနေ့ အောက် တိုဘာလ ၁၇ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြသလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် သာကေတတွင် စစ်တပ်ဘက်တော်သား၊ မဘသ အစွန်းရောက် ထောင် ထွက် လူမိုက် နေမျိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် လူမိုက် ဝင်းထွဋ်ဝင်းက မဘသအဖွဲ့ကို ဆက်လက် ဦးဆောင်လုပ်ကိုင်နေကြောင်း၊ စစ်တပ်အ တွက် စစ်မှုထမ်း လူသစ်များ စုဆောင်းပေးခြင်း၊ ဧည့် စာရင်းစစ်ပေးခြင်း၊ တော်လှန်ရေးရဲဘော်များ သတင်းများ စုံစမ်းခြင်းနှင့် သတင်းပေးများ မွေးမြူခြင်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

“နေမျိုးအောင်သေဆုံးပြီး လက်ရှိမဘသအလုပ်တွေကို ၀င်းထွဋ်၀င်း ကဆက် လက်လုပ်ကိုင်နေပါတယ်။ ပရဟိတအယောင်ပြပြီး နောက် ကွယ်ကနေ ဧည့် စာရင်းစစ်တာ။ စစ်မှုထမ်းဥပဒေကိုအကြောင်းပြ ငွေညှစ်တာတွေ သာကေတမှာသူပဲဦးဆောင်လုပ်နေတာပါ။ သူ့လက် အောက်မှာ သံဗုဒ္ဓေ ယဉ်မိုး စတဲ့လူ မိုက်တွေက အစ ပါ၀င်ပက်သက်ပြီးပြည်သူကိုဒုက္ခပေးနေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် သာကေတ လူမိုက်များက စီးပွားရေးသမားများထံမှ ငွေညှစ်ခြင်း၊ စစ်မှု ထမ်းဥပဒေအကြောင်း ပြ၍ ပြန်ပေးဆွဲခြင်း၊ ငွေကြေးယူ မိုက်ကြေးခွဲ အကြွေးတောင်း ခြင်းများပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“လူမိုက် ၀င်းထွဋ်၀င်းကအရင် ဓာတ်ပုံတိုက်ပိုင်ရှင်ကိုလည်း ပြန်ပေးဆွဲငွေညှစ်ပါတယ်။ သူတို့ပိုက် ဆံ ရရင် လူသတ်ပေးတယ်။ တော်လှန်ရေးလုပ်သူတွေကို ဖမ်းဆီးတယ်။ စစ်မှုထမ်းဥပဒေဆိုပြီး ၁ ဦးကို သိန်း၃၀၊ သိန်း ၄၀ တောင်းပါတယ်။ အဲဒီလူမိုက်တွေက ကား၀ယ်စီးနိုင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ – လူမိုက် ၀င်းထွဋ်၀င်းနှင့် သံဗုဒ္ဓေ တို့၏ လူမိုက်အဖွဲ့ကို ရုပ်ရှင်မိတ် ဆက်ပွဲတွင် တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article