ရန်ကုန်၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ရဲစခန်းနှင့် အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မြင်းမူမြို့ ရဲစခန်း နှင့် အထက ၁ ကျောင်းဝင်း အတွင်း တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ၄၀ မမ၊ ၆၀ မမ၊RPG (R12) ၊MA စက်လက်များဖြင့် ပြင်းပြင်းထန်ထန် ခုခံခဲ့သာ်လည်း တပ်စွဲထားသော ဝန်းအတွင်းမှ အပြင်ဘက်ကို မထွက်ရဲကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်ဘက်ကို ကား ၈ စီးဖြင့် အင်အားဖြည့်တင်းထားကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“မြင်းမူမြို့မှာ မြင်းမူသားတွေရဲ့ ဥပဒေ တည်တယ်။ ပြည်သူတွေကို ထပ်မံ ဖမ်းဆီး နှိပ်စက်မယ်ဆိုရင် ဒီနေ့ မနက်ကပွဲက အစဘဲရှိသေးတယ်လို့ ပြောချင်ပါတယ်” ဟု Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF ၊ Dog Killers People’s Defence Force Myinmu (DKPDF-MMU) ၊ စစ်ကိုင်းမြို့နယ်တိုက်ခိုက် ရေးတပ်ခွဲ(၂) ၊ မဟာမိတ်ပူ ပေါင်း(၃)ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
M.N.R.F အဖွဲ့သားများအနေဖြင့် ရသည့်နည်းဖြင့် စစ်အာဏာရှင်ကို အဆုံးထိတော်လှန်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေပေးခြင်းဖြင့် တော်လှန်ရေး ရဲဘော်များကို ကူညီရာရောက်ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
