29 C
Yangon

မြင်းခြံမြို့နယ်ရှိ စစ်တပ်၏ စွန်းလွန်းဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စွန်းလွန်းဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး အပြင်း အထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Natogyi Regional Defence Force – NRDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်၏ စွန်းလွန်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နှင့် 35 local pdf တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article