29 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

တနင်္သာရီမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း Dragon Squad – TNI အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့မှ စတင်၍ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို Dragon Squad – TNI အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အောက်တိုဘာ ၈ ရက်နေ့ကစပြီး ကျွန်တော်တို့ ဒရုန်းအဖွဲ့ သီးသန့် တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။ အောက်တိုဘာ ၈ရက်နေ့မှာ ရန်သူ ဒရုန်းအဖွဲ့ ရဲ့ နေရာတိတိကျကျသိရတော့ သူတို့ရှိတဲ့ နေရာကိုချတော့ အိမ်ပေါ်တည့်တည့်ကျပြီး ဗိုလ်အဆင့် ၁ ဦး နဲ့ တခြားအဆင့် ၁ ဦးသေတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ နောက် တစ်ကြိမ် အဲနေရာပဲ ထပ်တိုက်တယ်။ စစ်ခွေးတွေက အိမ်ထဲမှာ မနေရဲတော့လို့ တံတားအောက် ဝင်ပြေးတယ်။ အဲ့ဒီမှာ သူတို့ဝင်ပြေးတဲ့တံတားရဲ့ ကပ်လျက်ကို ၈၁ မမ ဗုံးသီး ၁ လုံး ကျဲချလိုက်တာ ၂ ဦးပွဲချင်းပြီး သေပြီး ၅ ဦးလည်း ဆေးရုံချက်ချင်းပို့လိုက်ရပါတယ်။ အဲ့ဒီ ၅ ဦးလည်း သေဖို့ အလားအလာပိုများပါတယ်။ စစ်ခွေးတွေ ဘယ်နေရာမှာပဲရှိနေရှိနေ လုံခြုံမှုမရှိပါဘူး။ ကျွန်တော်တို့ကို ဒီထက်မက ပိုပြီး ထောက်ပံနိုင်ရင် ပိုပြီး လုပ်ဆောင်နိုင်ပါသေးတယ်။ တပ်ဖွဲဝင်ရဲဘော်တွေကိုလည်း ချီးကျူးပါတယ်” ဟု Dragon Squad – TNI အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာနှင့် ဘန်လောရွာဘက်ကို စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) တို့ စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ၂၂ ရက်နေ့အထိတိုက်ပွဲ အပြင်းထန်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းဘက်မှ ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဗောဓိကမ်းတံတားဘက်မှ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဗောဓိကမ်းတံတားဘက်မှ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာစဉ် တနင်္သာရီမြို့ပေါ်ရှိ အရပ်သားပြည်သူများကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သည့်အပြင် အရပ်သားကားများကိုလည်း ချောဆွဲအသုံးပြုခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ကူများအပြင် ဒရုန်းများပါ အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ် နှင့် ဒရုန်းများ အသုံးပြုပြီး ပြန်လည်ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) နှင့်အတူ စစ်ကြောင်း (၂)၊ KNLA တပ်ရင်း (၁၁)၊ KTLA၊ တောကြီးမြွေဟောက် မိုင်းအဖွဲ့ (ပုလော ပြည်သူ့ကာကွယ်‌ရေးအဖွဲ့)၊ Dragon Squad ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့၊ ADF ဒရုန်းအဖွဲ့ စသည့် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးကာ ၄၀ ကျော် ဒါဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ရဲဘော် ၁ ဦးကျဆုံးပြီး ၁၁ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ 60-MM ဗုံးသီး ၁ လုံး၊ 40-MM ကျည်သီး ၆ လုံး၊ ၁၆ ကျည် ၄၀၀ ကျော်နှင့် ခဲယမ်းတစ်ချို့ကို သိမ်းယူရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article