မုံရွာမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆီမီးသပိတ်များ ပြုလုပ်
ရန်ကုန်၊အောက်တိုဘာ ၁၈
မုံရွာမြို့နယ်ရှိ ကျေးရွာအချို့တွင် ဆီမီးများထွန်းညှိ၍ လူထုအပေါ် ဖိနှိပ်သူမှန်သမျှကို လူထုထွန်းညှိသော သီတင်းကျွတ်ဆီမီးများနှင့်အတူ ပူလောင်ကျရှုံးစေရန် ဆုတောင်းကြွေးကြော်ကြရင်း လူထုလှုပ်ရှားမှု ဆီမီးသပိတ်များကို တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုများကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF၊မုံရွာမြို့နယ် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ရပ်ကျေးပကဖများနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များမှ လုံခြုံရေးယူပေးခဲ့ပြီး ပြည်သူများ စစ်ရေး၊နိူင်ငံရေးအသိသတိရှိစေရန်အတွက် တိုက်တွန်းနှိုးဆော်ရင်း လူစုခွဲခဲ့ကြကြောင်းသိရှိရသည်။