29 C
Yangon

ဖာပွန်ခရိုင်တွင် အောက်တိုဘာလဝက်အထိ တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပြီး စစ်သား ၁၁ ဦး သေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

ဖာပွန်ခရိုင်တွင် အောက်တိုဘာလဝက်အထိ တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပြီး စစ်သား ၁၁ ဦး သေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အတွင်း၌ အောက်တိုဘာလဝက် အထိ တိုက်ပွဲပေါင်း ၄၇ ကြိမ် ဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော်ခရိုင်က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖာပွန်ခရိုင်အတွင်း KNU-ကရင်အမျိုးသား အစည်းအရုံး၊ KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များ နှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံးသွားကာ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်တန်းလျား အဆောက်အဦးတစ်လုံးနှင့် စစ်မော်တော်ယာဥ် ၁ စီးပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဝေဟင်တိုက်ခိုက်မှုကိုသာ အားကိုးအသုံးပြုခဲ့ပြီး လေယာဥ်ဖြင့် ဗုံးသီး ၅၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြည်သူများနေထိုင်ရာ ကျေးရွာနှင့် လယ်ယာခြံမြေများအတွင်းကို လက်နက်ကြီး ကျည် ၅ လုံး တိတိ ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးသွားပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူပိုင် အိုးအိမ်၊ လယ်ယာကိုင်းကွက်နှင့် ကောက်ပဲသီးနှံအမြောက်အများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article