25 C
Yangon

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး

Must read

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးလမိုင်းယန်ကျေးရွာကို စစ်ကောင်စီက ယနေ့ နံက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၁ မိနစ်နှင့် နံနက် ၁ နာရီ ၁၄ မိနစ်အချိန်တို့တွင် တံတားဦးလေတပ်မှ MiG-29 တိုက်လေယာဉ်ဖြင့် KIO ဌာနချုပ် လိုင်ဇာမြို့အနီးသို့ ဗုံးများကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။

“ဒီမနက်လိုင်ဇာအနားမှာရှိတဲ့ လမိုင်းယန် ရွာကို ဗုံး၂ လုံးကျဲချတာ။ လင်မယား ၂ ဦးသေဆုံးသွားပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာကိုဗုံးကျဲသွားတာ” ဟု KIA သတင်းရင်းမြစ်က ပြောကြားသည်။

တရုတ်နိုင်ငံဘက်က စစ်ကောင်စီ၏ လေယာဉ်ကို မီးကျည်ဖြင့် အချက် ၂၀ ပစ်ဖောက်သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေယာဉ်က တရုတ်နိုင်ငံဘက်သို့ အလွန်နီးကပ်စွာ ပျံသန်းသဖြင့် မီးကျည်ပစ်ဖောက် သတိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်ဘက်က မီးကျည် အချက် ၂၀ လောက်ဖောက်တယ်။ စစ်လေယာဉ်က တရုတ်ဘက်အခြမ်းကို အရမ်းကို ကပ်ပြီး ပျံသန်းနေလို့ မီးကျည်တွေပစ်တာ” ဟု လိုင်ဇာမြို့မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ကချင်ပြည်နယ်တွင် KIA က ဇူလိုင်လလယ်မှစတင်၍ စစ်ဆင်ရေးများ စတင်ကာ ကချင်ပြည်နယ်တစ်ဝန်းလုံးရှိ စစ်ကောင်စီတပ်စခန်းများနှင့်မြို့များကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ ပန်ဝါမြို့တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အကြမ်းဖက်စစ်ကောင်စီ၏ MiG-29 တိုက်လေယာဉ် ၁ စီး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article