25 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA နဲ့ PDFတွေ ပါဝင်တဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပန်ဝါမြို့က ပြည်သူတွေနဲ့ KIA စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောဆိုပါတယ်။

– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ငုံးတောင်နဲ့ ရင်းဘုတ်ကျေးရွာဘက်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သာ ၁၀ ဦးထက်မနည်းက သေကုန်ကြပြီးတဲ့နောက် စစ်တပ်က ကျေးရွာနေအရပ်သားပြည်သူ ၃ ဦးကို ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

– အကြမ်းဖက်စစ်ကောင်စီတပ်က ဓမ္မပြုကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများစွာကို လူမဆန်တဲ့နည်းလမ်းတွေနဲ့ စနစ်တကျကျူးလွန်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article