33 C
Yangon

ကျောက်ဆည်မြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား လုပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျောက်ဆည်မြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား လုပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား လုပ်နေသူ ၁ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ည ၆ နာရီခန့်တွင် ကျောက် ဆည့်မြို့၊ ပွတ္တိုင်ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား ချယ်ရီဝင်း ကို ဒေသမြေအောက် တော်လှန်ရေးအဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ချယ်ရီဝင်းသည် စစ်မှူထမ်း ဥပဒေနဲ့ ပက်သတ်ပြီး ကျေးရွာအတွင်း ဖိအားပေး ခြိမ်းခြောက်ခြင်းများ၊ စစ်တပ်နှင့် ပူးပေါင်း၍ အမှုပွဲစား လုပ်ခြင်းများနှင့် အကြမ်းဖက် စစ်တပ်၏ သန်းခေါင်စာရင်း ကောက်ယူမှုများကို နောက်ကွယ်မှ ပံ့ပိုးပေးနေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

“သူကအမှုပွဲစား စစ်တပ်နဲ့ပေါင်းပြီး ဖမ်းဆီးတာတွေကို နောက်ကွယ်ကနေလုပ်တယ်။ ပြီးရင် အဖမ်းခံရတဲ့ ပြည်သူတချိူ့ကတော့သူ့ဆီကိုသွားပြီး ငွေပေးတာတွေ လုပ်ဆောင်တယ်။ လက်ရှိ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး သူက ကျေးရွာအတွင်း ဖိအားပေးခြိမ်းခြောက်တာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။ နောက်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေလည်း နောက်ကွယ်ကနေ လုပ်ကိုင်ပေးနေတဲ့သူ ဆက်လက်ပြီး ကျောက်ဆည်မြို့နယ်အတွင်းက အကြမ်းဖက် မင်းအောင်လှိုင်အတွက် သန်ခေါင်စာရင်း ကောက်ခံပေးနေတဲ့ မည်သူမဆို အလုပ်နဲ့ပဲ သတ်သေပြသွားပါမယ်” ဟု မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အမှုပွဲစား ချယ်ရီဝင်း၏ ဖုန်းကို မြေအောက် တော်လှန်ရေးအဖွဲ့မှ ရဲဘော် တစ်ဦးက သိမ်းဆည်းရရှိခဲ့ပြီး မြို့နယ်မှူး၊ တိုင်းမှူးနှင့် နယ်ထိမ်းရဲများကို တိုက်ရိုက်ဆက်သွယ်ထားသော ဖုန်းပြောဆိုမှုများကို စိစစ်တွေ့ရှိရကြောင်း မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article