33 C
Yangon

လေးကေ့ကော်ရှိ စွယ်တော်ကုန်း ‌စစ်တပ် အမြောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ကျဆုံး

Must read

လေးကေ့ကော်ရှိ စွယ်တော်ကုန်း ‌စစ်တပ် အမြောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ကျဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် လေးကေ့ကော်မြို့သစ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ အ မြောက် တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီခန့်အချိန် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စွယ်တော်ကုန်းခေါ် လက်နက်ကြီးအထိုင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိ ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၍ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် အနီးအနားပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၄ လခန့်အကြာ ဝန်းရံပိတ်ဆို့ထားကာ အောက်တို ဘာလ ၁၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှ ၁၂၀ မမစိန်ပြောင်း ၂ လက်၊ ၁၂၀ မမ ပြောင်းအထိုင် ၂ ခု၊ ၁၂၀ မမ ဒေါက် ၃ ခု၊ ၁၂၀ မမကျည် ၂၄ လုံး၊ ၆၀ မမ အထိုင် ၁ ခု၊ ၁၂၀ မမ ပြောင်းရှင်းတံ ၂ ချောင်း၊ ၆၀ မမကျည် ၃၆ လုံး၊ ပွိုင့်5 ၁ လက်၊ ပွိုင့်5 ပြောင်းအပို ၁ ချောင်း၊ ပွိုင့်5 ကျည် ၁၀၀၀ တောင့်၊ MA1 ၁၆ လက်၊ MA 3 ၃ လက်၊ MA4ပူးတွဲ ၁ လက်(ပျက်စီး)၊ ၆၀ မမ(ပြောင်းရှည်) ၁ ချောင်း(ပျက်စီး)၊ 5.56 ကျည် ၂၀၀၀ ခန့်၊ RPG ၁ လက်၊ နာတို(၇.၆၂)ကျည် ၁၅၀၀တောင့်ခန့်၊ တိုက်မိုင်း နင်းမိုင်း ၁၀ ခု၊ စစ်သုံးမြေပုံ ၁ခု၊ Jemmer ၄ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ကော်ဘရာစစ် ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ် ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle ၊ KNU-KNLA၊ Federal Wings ၊ Justice Wings နှင့် Fixed Wings တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article