26 C
Yangon

ဘုတလင်မြို့နယ် အတွင်း ရွာစဉ်လှည့်၍ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆယ်ဝရွာကို ဆက်လက် မီးရှို့ဖျက်ဆီး

Must read

ဘုတလင်မြို့နယ် အတွင်း ရွာစဉ်လှည့်၍ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆယ်ဝရွာကို ဆက်လက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ရွာစဉ်လှည့်၍ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆယ်ဝရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့တည်းက အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆယ်ဝရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် နံနက် ၈ နာရီ၀န်းကျင်ခန့်တွင် ဆယ်၀ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စိုင်ပြင်လေးကျေးရွာဘက်ကို ထပ်မံ စစ်ကြောင်းထိုး ထွက်ခွာခဲ့ကြောင်း သိရသည်။

ဆယ်၀ကျေးရွာကို အကြမ်းဖက် စစ်ကြောင်းက ယမန်နေ့ မွန်းလွဲ ၁၂ နာရီတွင် ၁ ကြိမ် ၊ မွန်းလွဲ ၃ နာရီခန့်တွင် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲ၌ ညအိပ်တပ်စွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ကျွဲသေချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် စီပါရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article