26 C
Yangon

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး

Must read

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို ဖမ်းဆီးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များသည် အကြမ်းဖက် စစ်တပ်က ချောဆွဲရန် ဖမ်းဆီးထားသည့် ကားများကို စောင့်ကြည့်၍ သတင်းအတိအကျ ရသည့်အချိန်တွင် သရက်ကွပျူစောထီးရွာကို ရိက္ခာပို့မည့် light truck ကား ၂ စီးနှင့် ဆန်အိတ် ၅၀ အိတ်၊ ဆား 50 kg တစ်အိတ် တို့ကို ပို့ဆောင်သည့် ကားသမားများကို ကြားဖြတ်၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်ဆီး ရမိသော ကားပိုင်ရှင်နှင့် ကားသမားများကို လိုအပ်သည်များ စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ပေးခဲ့ပြီး ရိက္ခာများကို သိမ်းဆည်းခဲ့ကြောင်း၊ ယင်းဖမ်းဆီးမှုကို မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးထားသူတွေက ပြည်သူတွေမို့ ပြန်လွှတ်လိုက်ပါတယ်။ နောက်ထပ် ပျူစောထီးရွာတွေကို ယခုလို ရိက္ခာပို့လို့မရဘူး ဆိုတာ သိစေချင်ပါတယ်” ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင်ကားများကို ချောဆွဲ၍ ပျူစောထီးရွာများကို ရိက္ခာပို့ရန် လုပ်ဆောင်နေမှုများကို ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article