26 C
Yangon

ငါးဇွန်မြို့နယ်၊ ငါးမြာကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး၊ ရေတာရှည်တွင်လည်း စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ငါးဇွန်မြို့နယ်၊ ငါးမြာကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး၊ ရေတာရှည်တွင်လည်း စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး Mi 35 ဖြင့် လေကြောင်းပစ်ကူ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ လေကြောင်း ပစ်ကူရောက်ရှိလာသော်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုမရှိပဲ စစ်ကောင်စီတပ်သားများဘက်သို့ ဗုံးကျဲချသွားရာ အကြမ်းဖက်စစ် သားများ ထပ်မံသေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။

“သေတာကတော့ များတယ်၊ သိပ်မဝေးဘူး မြင်နေရတာ၊ အရေအတွက်တော့ မခန့်မှန်းတတ်ဘူး။ တိုက်ပွဲဖြစ်လို့ ထိတာနဲ့ လေယာဉ်ပစ်ကူခေါ်တာ။ လေယာဉ်ပစ်ကူကပါ စခတွေပေါ်ကို ထပ်ဗုံး ကျဲ သွားတော့ ထပ် သေတယ်။ ကျနော်တို့က စစ်ကူအနေနဲ့ တိုက်ခိုက်ခဲ့ရတာ၊ ကျည်ကလည်း မလုံ လောက်တော့ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ Dog Killers People’s Defence Force Myinmu(DK-PDF MMU)l နှင့် အခြား မဟာမိတ် ညီနောင်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ၌ တပ်စွဲထးသော အကြမ်းဖက်စစ်သားများကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက် ကမ်းရှိ ဒိုးတန်းကျေးရွာ၌ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်း မရှိဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုဘက်မှ ပုဝါနီ စစ်ကြောင်းမှ ရဲဘော်ဘီလုံးသည် မိုင်း ထောင်နေစဉ် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းမတော်တဆဖြစ်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ- ပုဝါနီစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article