Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပဲခူးတိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ငူ လေတပ်စခန်းကို တော်လှန်ရေးတပ်တွေက မနေ့က ညပိုင်းမှာပဲ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း လေတပ်ဘက်က စစ်ကောင်စီ ဝပ်ဖွဲ့ဝင် ၄ ဦး သေပြီး ၈ ဦးက ပြင်းထန် ဒဏ်ရာတွေ ရသွားကြသလို ၊ ရဟတ်ယာဉ် ၁ စီး န့ Y12 လေယာဉ် ၁ စီး ပျက်စီးသွားတယ်လို့လည်း သိထားရတယ်လို့ (BWM) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဖားဝပ်ချောင်းကျေးရွာကို ဒီကနေ့ မနက် အစောပိုင်းမှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေကျဲချသွားရာမှာ အရပ်သားပြည်သူ ၅ ဦး သေဆုံးသွားခဲ့တဲ့အပြင် ၊ ပြည်သူ ၁၄ ဦးက ဒဏ်ရာတွေ ရထားတယ်လို့ ရခိုင်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီး ရေလျှံမှုဖြစ်ပေါ်နေပြီး ၊ အောက်တိုဘာလ ၂၃ ရက်နေ့ရောက်ရင် ဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်း မုန်တိုင်းဖြစ်နိုင်တဲ့အတွက် မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးမှု နဲ့ မြေပြိုမှုတွေ ဖြစ်နိင်တယ်လို့လည်း မိုး/ဇလ သတိပေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။’