26 C
Yangon

ကန်ပိုက်တီး အမှတ် ၁၀၀၃ နယ်ခြားစောင့် တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်စခန်း ၈ ခုထက်မနည်းကို KIA က သိမ်းပိုက်ရရှိထားဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့် တပ်ရင်းဌာနချုပ် အပါအဝင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်း ၈ ခုထက်မနည်းကို KIA က သိမ်းပိုက်ရရှိထားကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်စစ်ကောင်စီလက်အောက်ခံ ဇုခုန်တိမ်ယိမ်း၏ ကချင်အထူးဒေသ ၁ ၊အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေ ရှင်းလင်းလျက်ရှိကြောင်း၊ လတ်တလော စစ်သုံ့ပန်း ဖမ်းဆီးရရှိမှုနှင့် စစ်လက်နက်သိမ်းဆည်းရရှိမှု အခြေအနေများကို အတိအကျ မသိရှိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

“ရှေ့ဆက်ဘာလုပ်မယ်ဆိုတာမျိုးတော့ ကျနော်တို့အနေနဲ့ ပြောလို့မရဘူး။ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကတော့ မနေ့ညနေက သိမ်းလိုက်ပြီလို့ရှေ့တန်းကသတင်းပို့လာတယ် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းရရှိမှုကလည်း မသိရသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်အပါအဝင် စစ်ကောင်စီနှင့် နယ်ခားစောင့် တပ်စခန်းများ စုစုပေါင်း ၈ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရှိရသည်။

“အမှတ် ၁၀၀၃ စခန်း ရော အခြားကာကင်းစခန်းတွေရောဆိုရင် စခန်းတွေ ရတာ ၈ ခုလောက်ရှိပြီထင်တယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

KIA ဦးဆောင်သော တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက မတ်လ ၇ က်နေ့မှ စတင်၍ ယနေ့အချိန်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်နှင့် မြို့ ပေါင်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article