28 C
Yangon

လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ ထီးလင်းမြို့နယ်တွင်လည်း စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA က သိမ်းပိုက်ထားသော မယ်ဟန်ဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်များက ယနေ့ နံနက်ပိုင်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် လူမှုကူညီအဖွဲ့တစ်ခုက ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန် စစ်လေယာဉ်များက လားရှိုးမြို့ မယ်ဟန်ကားဂိတ်အနီးသို့ စစ်လေယာဉ်ဖြင့် ဗုံးများကျဲချသွားခြင်းဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေ မသိရှိရသေးဘဲ လေယာဉ်များ ထပ်မံ တက်လာသည်ဆိုသော သတင်းများကြောင့် လတ်တလော တိမ်းရှောင်နေရကြောင်း ပြောဆိုသည်။

“အခုသိရတာက မယ်ဟန်ဘက်ကို ဗုံးကျဲသွားတယ်ပြောတယ်။ သေချာတော့မသိရသေးဘူး။ နောက်ထပ် လေယာဉ်တွေ တက်လာတယ်လို့လည်း ပြောနေကြတယ်။ အေးဆေးဖြစ်မှ အခြေအနေသိရမယ်” ဟု လားရှိုးမြို့မှ လူမှုကူညီရေးအဖွဲ့တစ်ခုက ရှင်းပြသည်။

အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် မကွေးတိုင်း‌၊ ယောဒေသ၊ ထီးလင်းမြို့နယ်၊ အိုင်းမရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ ဒီတိုင်းလာပစ်တာ။ ကျွန်တော်တို့ ယောနယ်မှာ ဒီရက်ပိုင်း လေကြောင်းတိုက်ခိုက်ခံနေရတာ ဆက်တိုက်ပဲ။ ပြည်သူတွေလည်း ထိတ်လန့်နေကြတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် အိုင်းမရွာနှင့် ချောင်းပေါက်လမ်းဆုံတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိုင်းမရွာမှ အသက် ၅၀ နှစ်ခန့်အရွယ် ဒေါ်မာလာထွေး ဆိုသူဗုံးစထိမှန် သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် အဆောက်အဦး ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ယောဒေသကို ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာပြီး ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ကျောက်ထုဒေသတို့တွင် လေကြောင်းတိုက်ခိုက်မှ ၈ ကြိမ်ခန့် ရှိခဲ့ကာ ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၃၀ ဦး ကျော် ဒဏ်ရာရရှိထားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ အောက်တိုဘာ ၂၂ နေ့မှာ ထီးလင်းမြို့နယ်၊ အိုင်းမရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article