30 C
Yangon

လားရှိုးမြို့နယ်ရှိ ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံပျက်စီးပြီး လူထိခိုက်မှုမရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

အကြမ်းဖက်စစ်ကောင်စီက၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာရှိ ရိုးရာဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စက်ရုံပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန် စစ်ကောင်စီတပ်၏ လေယာဉ်များက လားရှိုးမြို့နယ်၊ မယ်ဟန်ကျးရွာအုပ်စု ခိုဆန်တန်ကျေးရွာရှိ ရိုးရာ ဆန်အရက်ချက်စက်ရုံကိုဗုံးကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုနှင့် ကြီးမားသော ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ယခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ပြီး လားရှိုးမြို့ ကို စစ်ကောင်စီ‌၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၀ ကျော်လာပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ​MNDAA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်လျက်ရှိရာ ၃ လကျော်အတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article