30 C
Yangon

စစ်ကိုင်း၊ ဆားတောင်ရဲစခန်းတွင် စစ်သား မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး သတို့သား အပါအဝင် ၁၂ ဦး ဒဏ်ရာရဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းအတွင်း မင်္ဂလာပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သတို့သား အပါအဝင် စစ်သား၊ ပျူစောထီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြောင်လက်သည်းအဖွဲ့ တာဝန်ခံ ကိုဖက်တီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးနှင့် ညောင်ငုတ်တို ပျူစောထီးကျေးရွာမှ ပျူ စောထီးခေါင်းဆောင်၏ သမီးတို့ မင်္ဂလာပွဲအခမ်းအနားကျင်းပနေစဉ် ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး သတို့သားအပါအဝင် ၁၂ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ Scout ဒရုန်းနဲ့ ကင်းထောက်ကြည့်တဲ့အချိန်မှာ ပူစီပေါင်းတွေ၊ အလှပန်းတွေနဲ့ စည် ကား နေတဲ့ အချိန် ဗုံး ၈ လုံးကျဲချခဲ့တာ။ ဗုံးပေါက်ကွဲတော့ စခန်းထဲ ပြေးဝင်သွားကြ တာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ မျက်မြင်ကင်းထောက်ကနေ သိရတာပါ။ သတို့သားတော့ ခါး ပေါက် သွားတယ်။ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်။ စစ်ကောင်စီ တပ်သား ၄ ဦး သေနိုင် တယ်။ ဗုံးတွေက သူတို့ ပေါ် တည့်တည့် ကျတာဆိုတော့ ထိချက် ပြင်းတယ်၊ ညနေပိုင်းတော့ စခန်းထဲကနေ ဂန်းဖောက်သံတွေကြားရတယ်” ဟု ကြောင်လက်သည်းအဖွဲ့ တာဝန်ခံ ကိုဖက်တီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်းတပ်ဖွဲ့ နှင့်အတူ တရားရေးမီးတောက် တပ်ဖွဲ့ ၊ ဇာမဏီ တပ်ဖွဲ့၊ Phoenix တပ်ဖွဲ့ ၊ ရွှေဘို ခရိုင် တပ်ရင်း ၁၅ တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒရုန်း တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article