27 C
Yangon

ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေနစ်မြုပ်မှုမှ ခရီးသည် ၉ ဦးပျောက်ဆုံးနေဆဲဖြစ်သော်လည်း လှေနှင့်အလောင်း ရှာဖွေရေးလုပ်ငန်းအများစု ရပ်နား၊ အသက်ရှင်သူ ၇၅ ဦးနှင့် အလောင်း ၁၇ လောင်း စာရင်းချုပ်ထား

Must read

ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေနစ်မြုပ်မှုမှ ခရီးသည် ၉ ဦးပျောက်ဆုံးနေဆဲဖြစ်သော်လည်း လှေနှင့်အလောင်း ရှာဖွေရေးလုပ်ငန်းအများစု ရပ်နား၊ အသက်ရှင်သူ ၇၅ ဦးနှင့် အလောင်း ၁၇ လောင်း စာရင်းချုပ်ထား

ရန်ကုန်၊ အောက်တိုဘာ ၂၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေနစ်မြုပ်မှုမှ အတည်ပြုနိုင်သော ခရီးသည် ၉ ဦးပျောက်ဆုံးနေဆဲဖြစ်သော်လည်း နစ်မြုပ်လှေနှင့်အလောင်းများ ရှာဖွေရေးလုပ်ငန်းအများစု ရပ်နားသွားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်နေသူ အရှင်ဣန္ဒက ကျောက္ကာကျွန်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်း ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယခုနောက်ဆုံး စာရင်းများအရ အလောင်း ၁၇ လောင်း၊ အသက်ရှင်သူ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၃၆ ဦး စုစုပေါင်း ၇၅ ဦး ပြန်လည် တွေ့ရှိရကြောင်း၊ အတည်ပြုနိုင်သော ခရီးသည် ၉ ဦး ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ရှာဖွေရေးလုပ်ငန်းအများစုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

“သက်ဆိုင်ရာ မိသားစုဝင်လေးတွေကတော့ ရှာနေကြတော့။ ပရဟိတအဖွဲ့တွေနဲ့ ရေငုပ်အဖွဲ့တွေ လာပြီး ကူညီရှာဖွေပေးတာကတော့ ရပ်နားသွားပြီ ပြောရမှာပေါ့” ဟု ရှင်ဣန္ဒက ကျောက္ကာကျွန်း က မိန့်ဆိုသည်။

လက်ရှိစာရင်းများအရ နစ်မြုပ်သွားသော ခရီးသည်တင် လှေပေါ်တွင် လူစုစုပေါင်း ၁၀၁ ဦး လိုက်ပါသည်ဟု အဖြေထွက်ထားသော်လည်း ယင်းလှေပေါ်တွင် လိုက်ပါသည့် အတိအကျ ခရီးသည်တင်စာရင်းကိုမူ အတိအကျ မပြောနိုင်ဘဲ ပိုမိုများနိုင်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ညပိုင်း နစ်မြုပ်သွားခဲ့သော ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း၊ လှေသည် ညပိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထွက်ခွာခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင်ပင် နစ် မြုပ်သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လှေနစ်မြုပ်မှုတွင် သေဆုံးသွားခဲ့သော လသာအရွယ်ကလေးငယ်နှင့် ပြည်သူတစ်ဦး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article