30 C
Yangon

ထီးလင်းမြို့ပေါ်မှ ပျူ‌‌စောထီး ၁ ဦး လက်နတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

Must read

ထီးလင်းမြို့ပေါ်မှ ပျူ‌‌စောထီး ၁ ဦး လက်နတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

ရန်ကုန်၊ အောက်တိုဘာ ၂၄

မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမမှ ပျူ‌‌စောထီး ၁ ဦး လက်နတ် ၃ လက်ယူဆောင်လာပြီး အလင်းဝင်လာ၍ ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း Yaw National Revolution Force – Htilin က ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထီးလင်းမြို့ ရွှေထီးခန်းမ မှ ပျူ‌‌စောထီးတစ်ဦးသည် G-3 သေနတ် ၂ လက်၊ M-79 ၁ လက် ၊ G-3 ကျည်ဘောက် ၂ ဘောက်၊ 7.62 ကျည် ၃၈ တောင့် ၊ M-79 အသီး ၅ လုံး နှင့် icon-5 R ၁ လုံး တို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော ပျူစောထီးကို အမှတ် (၁) စစ်ဒေသ ၊ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းမှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဂုဏ်ပြု ဆုငွေ သိန်း ၁၀၀ ကျပ် တိတိ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သူ၏ နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article