27.3 C
Yangon

မြိုင်မြို့နယ်၊ တွင်းမရွာသို့ စစ်ကူလာပို့သော စစ်တပ် Mi-17 ရဟတ်ယာဉ်ကို FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက်မှုတွင် ဦးစီးတပ်ကြပ်ကြီး အောင်တင်ဖြိုး ပွဲချင်းပြီး သေဆုံးပြီး စစ်သားတချို့ ဒဏ်ရာရရှိထား၊ ဒေါ်လာ ၁၀ သန်းထက်မနည်း တန်ဖိုးရှိ Mi-17 ရဟတ်ယာဉ် လုံး၀ ပျံသန်းမရတော့

Must read

ရန်ကုန်၊ ဇွန် ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာသို့ စစ်ကူလာပို့သော စစ်တပ် Mi-17 ရဟတ်ယာဉ်ကို FPV ဒရုန်း ၂ စီးဖြင့် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်တွင် လိုက်ပါသော ဦးစီးတပ်ကြပ်ကြီး အောင်တင်ဖြိုးမှာ ပွဲချင်း ပြီး သေဆုံးပြီး စစ်သားတချို့မှာ ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

ယမင်္နနေ့ ဇွန်လ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူ လာပို့သော အကြမ်းဖက် စစ်တပ် ၏ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီး ကို တော်လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဟတ်ယာဉ်တွင် လိုက်ပါသော ဦးစီးတပ်ကြပ်ကြီး အောင်တင်ဖြိုးမှာ ဒရုန်းဗုံးပေါက်ကွဲစဉ် ရရှိသော ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းရဟတ်ယာဉ်တွင် ဗိုလ်မှူး ဟန်းထွန်းအောင်၊ ဗိုလ်ကြီး သော်ကောင်းထက်၊ ဒုတပ်ကြပ် ငွေလင်းသူ၊ တပ်ကြပ်ကြီးညီညီကျော်၊ ဒုတပ်ကြပ် တင်ထက်အောင် နှင့် တပ်ကြပ်ကြီး အောင်တင်ဖြိုးတို့လိုက်ပါခဲ့ကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီး အောင်တင်ဖြိုးမှာ ပွဲချင်းပြီး သေဆုံးပြီး ဒုတပ်ကြပ် ငွေလင်းသူမှာ စိုးရိမ်ရ ဒဏ်ရာများရရှိထားကြောင်း သိရှိရသည်။

လတ်တလော Mi-17 ရဟတ်ယာဉ်မှာ ယမန်နေ့ တိုက်ခိုက်မှု​ကြောင့် လုံး၀ ပျက်စီးသွားပြီး ယနေ့အချိန်အထိ ယင်းနေရာတွင်ပင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ရုရှားထံမှ ဝယ်ယူနေသော Mi-17 ရဟတ်ယာဉ်များမှာ တစ်စီးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ သန်းမှ အမြင့်ဆုံး ဒေါ်လာ ၁၈ သန်းကျော်အထိ ပေါက်စျေးရှိနေသည်။

“မနေ့ညနေ ရဟတ်ယာဉ် တိုက်ခိုက်မှုပြီးကတည်းက တွင်းမကျေးရွာပတ် ပတ်လည်ကို စစ်တပ်က ရဟတ်ယာဉ်တွေရော၊ တိုက်လေယာဉ်တွေရော ဗုံးကျဲလေယာဉ်တွေရော အကုန်လုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်။ တောက်လျှောက် မနားတမ်းကို ဗုံးကျဲတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ရဟတ်ယာဉ် တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF၊အညာဖိုက်တာLocalတပ်ဖွဲ့၊စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article