ရန်ကုန်တွင် အမေရိကန် သံတမန်အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသော ထိုင်းအမျိုးသမီးကိုလူသတ်မှုအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့်ပါ ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေး
ရန်ကုန်၊ ဇွန် ၂၄
ရန်ကုန်တွင် အမေရိကန် သံတမန်တစ်ဦးဖြစ်သော ခင်ပွန်းဟောင်းကို သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရသည့် ထိုင်းအမျိုးသမီးကို အင်္ဂါနေ့ (ဇွန် ၂၃ ရက်) တွင် ကမာရွတ်မြို့နယ် တရားရုံးတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အေပီသတင်းအရ သိရှိရသည်။
တရားခံအဖြစ် စွပ်စွဲခံထားရသူ ဖာဗီနီ ဆူပါစီရီဗီဆန် (Pavinee Supasirivisan) သည် ပြီးခဲ့သည့် မေလအတွင်းက အမေရိကန် သံတမန်တစ်ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် လူသတ်မှု စွပ်စွဲချက်ကိုလည်း ရင်ဆိုင်နေရသူ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများအပေါ် အရေးယူသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ၎င်းကို ပထမဆုံး စတင်တရားစွဲဆို စစ်ဆေးနေခြင်း ဖြစ်သည်။ သေဆုံးသူ သံတမန်၏ မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ် အချက်အလက်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ရှေ့နေ၏ ပြောပြချက်အရ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရုံးချိန်းကြားနာမှုအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး အရာရှိများ အပါအဝင် တရားလိုပြသက်သေ ၃ ဦးက လာရောက်ထွက်ဆိုခဲ့ကြကြောင်း သိရသည်။
ရုံးချိန်းတွင် အဆိုပါ ထိုင်းအမျိုးသမီးအတွက် ဥပဒေကြောင်းအရ ကိုယ်စားလှယ် ၂ ဦး တက်ရောက်ခဲ့သော်လည်း ၎င်းအနေဖြင့် အပြစ်ရှိ၊ မရှိ ဝန်ခံထွက်ဆိုခြင်း ရှိ၊ မရှိကိုမူ အသေးစိတ် မသိရသေးပေ။
၎င်းရင်ဆိုင်နေရသည့် လဝကဥပဒေပုဒ်မသည် ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိတစ်ဦးကလည်း တရားရုံးတွင် သက်သေများ ထွက်ဆိုခဲ့သည်မှာ မှန်ကန်ကြောင်း အေပီသတင်းဌာနသို့ အတည်ပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားရန် ငြင်းဆန်ခဲ့သည်။
ယခု လဝကအမှု တရားစွဲဆိုမှု မည်မျှကြာမြင့်မည်ကို မရေရာသေးသလို၊ ထောင်ဒဏ် ၁၀ နှစ်မှသည် သေဒဏ်အထိ ကျခံရနိုင်သည့် လူသတ်မှုပုဒ်မဖြင့် မည်သည့်အချိန်တွင် ဆက်လက်တရားစွဲဆို စစ်ဆေးမည်ကိုလည်း မသိရသေးပေ။
မြန်မာနိုင်ငံ တရားရုံးတွင်း သတင်းရယူခွင့်များကို ပိတ်ပင်ထားပြီး အကျဉ်းထောင်နှင့် ရဲတပ်ဖွဲ့ အာဏာပိုင်များကလည်း ယခုအမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရန် ငြင်းဆန်ထားကြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဖမ်းဆီးခံထားရသူအတွက် ကောင်စစ်ရေးရာ အကူအညီများ ပေးအပ်ထားကြောင်း အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များကို ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
ရှေ့နေ၏ ပြောကြားချက်အရ အဆိုပါ အမေရိကန် သံတမန်သည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က အမေရိကန်သံရုံးနှင့် ၁ မိုင်ခန့် အကွာ သံတမန်များနှင့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ အနေများသည့် Sakura Residence & Hotel တွင် ဦးခေါင်းနှင့် လည်ပင်းတို့၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံတမန်တစ်ဦး သေဆုံးခဲ့မှုကို အတည်ပြုခဲ့သော်လည်း သေဆုံးသူ၏ အမည်အပါအဝင် အခြားအချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ လျှို့ဝှက်ထားဆဲ ဖြစ်သည်။ရန်ကုန်၊ ဇွန် ၂၄

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံတမန်တစ်ဦး သေဆုံးခဲ့မှုကို အတည်ပြုခဲ့သော်လည်း သေဆုံးသူ၏ အမည်အပါအဝင် အခြားအချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ လျှို့ဝှက်ထားဆဲ ဖြစ်သည်။