31 C
Yangon

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် NUG ဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တိုင်းရင်းသားများ တွေဆုံဆွေးနွေးပွဲ ပြုလုပ်

Must read

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် NUG ဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တိုင်းရင်းသားများ တွေဆုံဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၂၆

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာနွယ်ဖွားပြည်ထောင်စုတိုင်းရင်းသားများ တွေဆုံဆွေးနွေးပွဲကို Myanmar Community & Cultural Center တွင် အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိစ္စတွင် ပြည်သူများအားလုံးဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ကြရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ( NUG) နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ( EROs) များအကြား ရရှိထားသော နိုင်ငံရေး ဘုံသဘောထားရပ်တည်ချက် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကာ ဖယ်ဒရယ်အဆင့် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ ( T-NUG) ဖွဲ့စည်းနိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ကာ မေးခွန်းများကို ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article