31 C
Yangon

မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး ပြည်သူများ “ဘူး” သပိတ် လှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ရန် ဆန္ဒပြ

Must read

မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး ပြည်သူများ “ဘူး” သပိတ် လှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ရန် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေးမြို့ပေါ်တွင် ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး ပြည်သူများ “ဘူး” သပိတ် လှုပ်ရှားမှု အရှိန်မြှင့် လုပ်ဆောင်ရန် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တော်လှန်ရေး စတင်တည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့သော လူထု CDM နှင့် “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို ယခု ချိန်မှာ အစွမ်းကုန် အရှိန်တင်ကြရန် လိုအပ်ကြောင်း၊ “ဘူး” သပိတ်မှာ ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေအားလုံးက လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး” ၊ အခွန်အခ မပေး “ဘူး” ၊ စစ်တပ်ပိုင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး” ၊ ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဖက်ဆစ် စစ်တပ် ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး” ၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်နိုင်မှ တော်လှန်ရေးသမား မဟုတ်ဘဲ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေများရောက်မှ တော်လှန်ရေးသမား မဟုတ်ကြောင်း၊ မြို့ပြ ကျေးလက် ပြည်တွင်း ပြည်ပ မည်သည့် နေရာမဆို အသက်အရွယ်မရွေး ကျားမ မရွေး ပြည်သူအားလုံး တော်လှန်ရေးသမားများဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်သော “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြရမည်ဖြစ်ကြောင်း သိရသည်။

တစ်လှိုင်းပြီး တစ်လှိုင်း အရှိန်မြှင့်လာသော စစ်ရေးတိုက်ပွဲနှင့် ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး စစ်အာဏာရူးများကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြရန်လိုကြောင်း ဒေါက်တာတေဇာစန်း က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article