လောက်ကိုင်မြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးအနည်းငယ် ဒဏ်ရာရရှိပြီး ဟိုတယ်နှင့်နေအိမ် အဆောက်အအုံတချို့ ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦးအနည်းငယ် ဒဏ်ရာရရှိပြီး ဟိုတယ်အဆောက်အအုံနှင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၂၀ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၂၇ မိနစ်အချိန်တို့တွင် စစ်လေယာဉ်များဖြင့် လောင်ကိုင်မြို့ပေါ်သို့ ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိသော်လည်း ဒဏ်ရာ ပြင်းထန်သူမရှိကြောင်း ၊ ဗုံးကျဲမှုကြောင့် လောက်ကိုင်မြို့ရှိ စွမ်းဖုန်ချိန်(Shuang feng cheng)ဧရိယာမှ ဟိုတယ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း၊ ယင်းဒေသရှိ အစားအစာရောင်းဝယ် လမ်း ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း၊ အခြားအိမ်အများအပြားလည်း ထိခိုက်မှုအမျိုးမျိုးဖြင့် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ယနေ့ ကျရောက်သည့် ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်အဖြစ် နမ့်ခမ်းမြို့ကိုလည်း ယနေ့ နံနက် ၇ နာရီကျော်အချိန် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။