24 C
Yangon

နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ၊ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ လေကြောင်းအန္တရာယ်သတိပြုရန် သတိပေးချက်များရှိ

Must read

နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ၊ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ လေကြောင်းအန္တရာယ်သတိပြုရန် သတိပေးချက်များရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသွားကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်၊ နံနက် ၇ နာရီ ၄၅ မိနစ်နှင့် နံနက် ၈ နာရီ ၁၄ မိနစ်အချိန် တိုက်လေယာဉ်ဖြင့် ၃ ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“လေယာဉ်က တစ်မနက်လုံး တောက်လျှောက်ဝဲပျံနေရာကနေ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းဘက်ကို ကျဲသွားတယ်။ အထိအခိုက်တော့မသိရသေးဘူး” ဟု နမ့်ခမ်းမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၏ ၁ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သောကြောင့် လေကြောင်း သတိပြုကြရန် ယမန်နေ့ကတည်းက သတိပေးမှုများရှိနေကြောင်း လားရှိုးမြို့နယ်အခြေစိုက် ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီနေ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်မယ်ဆိုတာက သတိပေးမှုတွေရှိပါတယ်။ တရားဝင်ကြီး သတင်းထုတ်ပြန် ကြေညာတာမဟုတ်ပေမယ့် သတိထားဖို့ မနေ့ကတည်းက လားရှိုးမြို့ ပြည်သူတွေအချင်းချင်းအကြားမှာ သတင်းဖြန့်ဝေကြတာရှိပါတယ်” ဟု လားရှိုးမြို့ အခြေစိုက် ဒေသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ထို့ပြင် လက်ရှိ တံတားဦးလေတပ်၊ နေပြည်တော်ဧလာ လေတပ် အပါအဝင် လေတပ်စခန်းများမှ လေယာဉ်များ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ တောက်လျှောက်တက်နေကြောင်း လေကြောင်း သတင်းအချက်အလက်များအရ သိရှိရသည်။

ယနေ့သည် အကြမ်းဖက်စစ်ကောင်စီကို အထိနာစေခဲ့သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း စတင်ခဲ့သည့် ၁ နှစ်ပြည့် နှစ်ပတ်လည်လည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article