24 C
Yangon

သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါအဝင် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြား

Must read

သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါအဝင် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြား

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါ အဝင် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်နှင့် ည ၉ နာရီ ၅၃ မိနစ်အချိန် အကြမ်း ဖက် စစ်ကောင်စီတပ်၏ လေယာဉ်များက သိန္နီမြို့သို့ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးများ ကျဲချမှုကြောင့် သိန္နီ မြို့ ရှိ KBC ခရစ်ယာန် ဘုရားကျောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နေအိမအများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“သိန္နီမြို့ပေါ်မှာတော့ ခရစ်ယာန်ဘုရားကျောင်းကတော့ အတော်ပျက်စီးတယ်။ ထွေ/အုပ်ရုံးနဲ့ နေအိမ် တွေပျက်စီးတာရှိတယ်။ လူအထိအခိုက် မရှိဘူးလို့ ကြားပေမယ့် အသေအချာ သိဖို့ ထပ်မေးနေတုန်းပဲ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အဲဒီဘက်မှာ သိပ်မလွယ်ဘူး” ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ယမန်နေ့ညပိုင်း နောင်ချိုမြို့နယ်၊ သပြေရေရပ်ကွက်အပါအဝင် နေရာတချို့ကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးများ ကျဲချခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။

“မနေ့ညပိုင်း နောင်ချိုကို လေယာဉ်နဲ့ ဗုံးကျဲတာမှာ ပထမအကြိမ် ၂ လုံးကျဲတယ်။ ဒုတိယအကြိမ်က ဗုံး ၈ လုံးတွဲကျဲချတယ်။ နောင်ချို သပြေရေရပ်ကွက်မှာ ဗုံးတွေကျလို့ အသေအပျောက်ရှိတယ်။ ပျက်စီးမှုလည်းများတယ်လို့ သိရတယ်” ဟု နောင်ချိုမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်ဖြစ်သော ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က လောက်ကိုင်မြို့နှင့် နမ့်ခမ်းမြို့များကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ညပိုင်း သိန္နီမြို့ပေါ်သို့ စစ်လေယာဉ်က ဗုံးကျဲချသဖြင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article