32 C
Yangon

ပဲခူးတိုင်း၊ မြို့နယ် ၃ ခုနှင့် ပခုက္ကူ တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံး

Must read

ပဲခူးတိုင်း၊ မြို့နယ် ၃ ခုနှင့် ပခုက္ကူ တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့တွင် ၃ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ် တို့တွင် ၃ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်များအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် အထိုင်ချ စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် KNLA တပ်ရင်း ၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ရွာ ပျူစောထီးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစော ထီး ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ပခုက္ကူမြို့နယ်၊ တင်း ဂါတ်ရွာ ပျူစောထီးစခန်း ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံး ၁၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ယင်းတင်းဂါတ်ရွာ ပျူစောထီးဂိတ်စခန်းသည် ခရီးသွားအများပြည်သူများအား မတရားဆက် ကြေး ကောက်ခြင်း၊ မတရားဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ဗိုလ်ကျခြင်း တို့ လုပ်ဆောင်နေသည့် ဂိတ်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ Bly ပျောက်ကျားတပ်ဖွဲ့၊ PKU Thurain ၊ Black Cobra Force (ကမ္မတပ်ပါင်းစု) နှင့် DMG ဓားမင်းကြီးအဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article