28 C
Yangon

ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန် ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာတွင် စစ်မှုထမ်း တပ်သားသစ်စာရင်း လာရောက်ယူနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး အေးမင်းနိုင် ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၄ က သေနတ်ဖြင့် ပစ်ခတ်ရာ နားထင်နှင့် ရင်ဘတ်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ တရုတ်မှော်ကျေးရွာတွင် နေထိုင်သူ ထွေ/အုပ်စာရေး အေးမင်းနိုင်က “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ”ဟု ကြွေးကြော်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ထွေ/အုပ်စာရေး အေးမင်းနိုင်မှာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်း စုဆောင်းရာတွင် တပ်သားသစ် လူအင်အားစုဆောင်းပေးခြင်း ၊စစ်မှုမထမ်းဆောင်လိုသူများထံမှ ငွေကောက်ခံပြီး စစ်တပ်အတွက် ငွေရှာပေးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နှိမ်နှင်းမည်ဟုဆိုကာ ပျူစောထီးအဖွဲ့ကို ကိုယ်တိုင် ဦးဆောင် ဖွဲ့စည်းထားသူဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီအတွက် အကျိုးဖြစ်စေမယ့် ဒေါက်တိုင်တွေဖြစ်တဲ့ မည်သူ့ကိုမဆို ပြတ်ပြတ်သားသား အရေးယူနေတယ်ဆိုတာကို သိစေချင်ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

သေဆုံးသူ ထွေ/အုပ်စာရေး အေးမင်းနိုင်ထံမှ အကြမ်းဖက်စစ်တပ်၏ ဗိုလ်မှူး၊ ဗိုလ်ကြီးများနှင့်ဆက်သွယ်ထားသောလက်ကိုင်ဖုန်းတစ်လုံး၊ ငွေသားငါးသောင်း၊စစ်မှု့ထမ်းစုဆောင်းထားသောစာရွက်စာတမ်းများနှင့်ပျူစောထီး ဖွဲ့စည်းစာရင်း စာရွက်စာတမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article