32 C
Yangon

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန်က မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အကျပ်အတည်း ပြေလည်ရေး အနိုင်-အရှုံး တွက်ချက်မှုများကို ဖြတ်ကျော်အဖြေရှာရန် တိုက်တွန်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အကျပ်အတည်း ပြေလည်စေရေး အနိုင်-အရှုံးတွက်ချက်မှုများကို (Zero-sum Mentality)ဖြတ်ကျော် အဖြေရှာရန် တိုက်တွန်းပြောဆိုသည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်

အောက်တိုဘာလ ၂၉ ရက်နေ့ ပြုလုပ် ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့မှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးတွင်ပါဝင်သူများအားလုံးအနေဖြင့် အနိုင် အရှုံး တွက်ချက်မှု (Zero-sum Mentality) များကို ဖြတ်ကျော် အဖြေရှာရန် လိုအပ်ကြောင်း တိုက်တွန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် ဧပြီလတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်လာသော ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop က ပြန်လည်သင့်မြတ်ရေးအတွက် အကြမ်းဖက်မှုများ အဆုံးသတ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

“နေပြည်တော်ကို သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ ကျမ တွေ့ဆုံခဲ့ပါတယ်” ဟု Julie Bishop က ထုတ်ဖော်ပြောဆိုပြီး တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ တွေ့ဆုံခဲ့မှုမှာ မည်သည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သည်ကိုလည်း အတိအကျ မသိရပေ။

Julie Bishop က ၎င်းအနေဖြင့် NLD ပါတီ၊ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအားလုံး တွေ့ဆုံခဲ့ကြောင်း၊ ဘက်လိုက်မှုမရှိဘဲ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ကွဲပြားပြီး အမြင်မတူတဲ့ ရှုထောင့်တွေကို နားလည်ဖို့ ကျမ ကြိုးစားနေပါတယ်။ ဒါမှပဲ ကျမရဲ့ အခန်းကဏ္ဍကနေတဆင့် သဘောတူဖြေရှင်းချက်တစ်ခုလွယ်ကူစွာ ရရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကို ပိုမိုချိတ်ဆက် ကူညီ အကြံပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာ့အရေးပါဝင်သူတွေအားလုံးအနေနဲ့ လက်ရှိ အနိုင်အရှုံးတွက်ချက်မှုကို ကျော်ဖြတ်ဖို့ လိုပါတယ်။ နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဖို့ တိုးတက်မှု အနည်းငယ်ပဲရှိနိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article