30 C
Yangon

စစ်တပ်ကို လေယာဉ်ဆီ နှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၅ ခု ကို UK အစိုးရက ပိတ်ဆို့အရေးယူမည်

Must read

စစ်တပ်ကို လေယာဉ်ဆီ နှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၅ ခု ကို UK အစိုးရက ပိတ်ဆို့အရေးယူမည်

ရန်ကုန်၊ အောက်တိုဘာ ၃၀

အကြမ်းဖက် မြန်မာ စစ်တပ်ကို လေယာဉ်ဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၅ ခု ကို ပစ်မှတ်ထား၍ UK အစိုးရက ပိတ်ဆို့အရေးယူမည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး က ထုတ်ပြန်လိုက်သည်။ .

UK နိုင်ငံ အနေဖြင့် Asia Sun Group Company Limited ၊ Swan Energy Company Limited၊ Myan-Oil Company Limited ၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) ၊ King Royal Technologies Company Limited စသည့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောဆိုထားသည်။

ထို့ပြင် အဆိုပါ ပိတ်ဆို့ အရေးယူမှုများသည် မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများနှင့် ၄င်းတို့ မျှော်မှန်းထားသည့် ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂတ်အတွက် ကူညီထောက်ပံ့မှုများနှင့်အတူ UK အစိုးရက အခိုင်အမာ ရပ်တည်ဆဲဖြစ်ကြောင်းလည်း အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ဆက်လက် ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများသည် အကြိမ်အရေအတွက် အများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရကြောင်းလည်း UK အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article