26 C
Yangon

လောင်းလုံးတွင် စစ်တပ်က စိတ်ရောဂါခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDFစစ်ဝတ်စုံ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ယူသွား

Must read

လောင်းလုံးတွင် စစ်တပ်က စိတ်ရောဂါခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDFစစ်ဝတ်စုံ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ယူသွား

ရန်ကုန်၊ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လဝက ရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါ ခံစားနေရသည့် ကဘူရွာသား ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDF စစ်ဝတ်စုံဝတ်ဆင်ပေး၍ ဓာတ်ပုံရိုက်ယူသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့ လဝက ရုံးရှေ့၌ ဂိတ်စောင့်နေသော စစ်သားများက ဆိုင်ကယ်စီးလာသည့် ကဘူရွာသား စိတ်ရောဂါ ခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်သတ်ပြီးနောက် စစ်တပ်ဂိတ်ထဲမှ စစ်ကောင်စီ တပ်သား ၇ ဦးက အရပ်ဝတ်ဖြင့် ထွက်လာပြီး ကိုကျော်ခိုင်ကို PDF ဝတ်စုံဝတ်ပေး၍ ဓာတ်ပုံရိုက်ယူသွားကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၉ နာရီဝန်းကျင်လောက်မှာပေါ့။ ပြည်သူတစ်ဦးကို စစ်ခွေးတွေက ပစ်သတ်လိုက်တယ်လို့ သိရတယ်။ အဓိကက သူက စိတ်ရောဂါ ခံစားနေရတာ သူဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ပစ်သတ်လိုက်တာ သူက စိတ်ရောဂါခံစားနေရတော့ စစ်ခွေးဂိတ်မှာ တားထားတဲ့ ခြံစည်းရိုးကို ဆင်းဖယ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတဲ့ စစ်ခွေးတွေက လိုက်ပစ်တာ အဲလိုပစ်သတ်ပြီးတဲ့ အခါကျတော့ ဂိတ်ထဲကနေ စစ်ခွေး ၇ ကောင် ထွက်လာတယ်။ အလောင်းကို လာကြည့်ပြီး PDF ယူနီဖောင်း ဝတ်ပေးပြီးတော့ ဓာတ်ပုံမှတ်တမ်း ရိုက်တယ်။ အဲလိုဝတ်ပေးပြီးတော့ အလောင်းကို လမ်းဘေးမှာ ပစ်ထားခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

လတ်တလော ကိုကျော်ခိုင်၏ ရုပ်အလောင်းကို နာရေးကူညီရေး အဖွဲ့များက ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article