31 C
Yangon

မတ္တရာနှင့် ဘူးသိုရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

မတ္တရာနှင့် ဘူးသိုရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဘာဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မွန်းလွဲပိုင်းထိ ဒဟတ်တောရွာ အနီးမှာရှိ ရွှေဖောင်တော်ဦးတောင်ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက်ပိုင်းကနေစပြီး မွန်းလွဲပိုင်းအထိကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ ရွှေဖောင်တော်ဦးတောင်ပေါ်ကနေပြီးတော့ ပစ်ခတ်နေတာ ဘယ်နေရာတွေ လက်နက်ကြီး ကျလည်းတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ ထိခိုက်မှု အခြေအနေလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဘူးသိုမြို့နယ်၊ မူတြော်ခရိုင်အတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းကို ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးလာရောက်ကျဲ တိုက်ခိုက်ခဲ့ပြီ’ အလယ်တန်း ကျောင်း ၁ လုံး၊ အိမ် ၃ လုံး နှင့် ကျောင်းသူ/သားမျာနေထိုင်သည့် အဆောင် ၁ လုံး ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပါဟိုက်အုပ်စု၊ ဘူးသိုမြို့နယ်၊ မူတြော်ခရိုင်အတွင်းရှိ ဆောဘွဲဒဲကျေးရွာအတွင်းသို့ တိုက်လေယာဥ်ဖြင့် ဗုံးသီး ၃ လုံးလာရောက်ကျဲချခဲ့ရာ ခရစ္စယာန်ဘုရားရှိခိုးကျောင်းဆောင် ၁ လုံးနှင့် နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း KNU မူတြော်ခရိုင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article