32 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရား စခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲ ဝင်စည်းရုံးရေ သင်တန်းကျောင်း၊ အမ်း-မင်းဘူးတောင်ကြားလမ်းက စစ်စခန်းတွေ အားလုံးနဲ့ နပခ ဌာနချုပ်ကိုကာထားတဲ့ ကားကင်းစခန်းတွေ အကုန်လုံးကိုပါ အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိ ထားပြီလို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ထဲမှာရှိတဲ့ လဂွေကျေးရွာက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေ နဲ့ စစ်ကောင်စီတပ်စခန်းတွေ အကုန်လုံးကို KIA – PDF ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်က မြောက်ခင်ရန်းပျူစောထီးကျေးရွာနဲ့ တောင်ခင်ရန်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်က ကုက္ကားသား ပျူစောထီး ဆိုသူကတော့ တစ်ခါတည်း သေသွားတဲ့အပြင် ၊ နောက်ထပ် စစ်ကောင်စီဝင် ၁၀ ဦးဝန်းကျင်က ဒဏ်ရာတွေ ရသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article