29 C
Yangon

ရခိုင်-မြန်မာ အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီက စစ်ကြောရေးလုပ်ပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထားကာ သူမ၏လက်ကိုင်ဖုန်းကို နေပြည်တော်သို့ပို့ဆောင် စစ်နေ

Must read

ရခိုင်-မြန်မာ အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီက စစ်ကြောရေးလုပ်ပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထားကာ သူမ၏လက်ကိုင်ဖုန်းကို နေပြည်တော်သို့ပို့ဆောင် စစ်နေ

ရန်ကုန်| နိုဝင်ဘာ ၂

ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။

အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။

လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မရမ်းကုန် စစ်ကြောရေးမှာ စစ်ဆေးခဲ့တယ်။ ပြီးတော့ တာမွေရဲစခန်းကို ဒီရက်ပိုင်းမှာ လွှဲလိုက်တယ်။ မဆုမြတ်ထက်ကို မရမ်းကုန်းစစ်ကြောရေးမှာ တစ်ခေါက်စစ်တယ်။ ပြီးတော့ သူမရဲ့ ဖုန်းကို နေပြည်တော်ကို ယူပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။ တစ်ခြား ကိစ္စတွေကိုတော့ ထပ်မသိရတော့ဘူး “ဟုပြောသည်။

တေးသံရှင် မဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သည့်ပုဒ်မနှင့် မည်သည့်အတွက်ကြောင့် အမှုဖွင့်ခံရသည်ဆိုသည်ကို သီခြား သိရှိမှု မရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

မဆုမြတ်ထက်ကို ဖမ်းဆီးပြီးနောက် ၎င်း၏ အိမ်ထဲဝင်မွှေကာ ဘဏ်စာအုပ်များနှင့် အချို့စာရွက်စာတမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားပြီး သူမ၏ လူမှုကွန်ရက်အကောင့်များကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။

မဆုမြတ်ထက်၏ မူပိုင် သီချင်းတစ်ပုဒ်ဖြစ်သော သဘာဝရဲ့တောက်ခေါက်သံ သီချင်းကို ခွင့်ပြုချက် မရှိဘဲ သီဆိုခဲ့သည့် အဆိုတော် အမျိုးသမီးတစ်ဦး

ကို မဆုမြတ်ထက်က မီဒီယာတစ်ချို့မှာ ထုတ်ပြောဆိုပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သူမနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မဆုမြတ်ထက်က သူမရဲ့ မူပိုင်သီချင်းဖြစ်တဲ့ သဘာဝရဲ့တောက်ခေါက်သံ သီချင်းကို ခွင့်ပြုချက်မယူဘဲ ဆိုတယ်၊ အဲ့ဒါကို မဆုက မီဒီယာတစ်ချို့မှာ ထုတ်ဖော်ပြောဆိုတာတွေရှိတယ်။ ခွင့်ပြုချက်မရှိဘဲ ဆိုတဲ့ ဟိုဖက်က အဆိုတော် အမျိုးသမီးကလည်း သူက ခိုးယူပြီးတော့ ဆိုတာမဟုတ်ဘူးဆိုပြီးတော့ ငြင်းတယ်။ အဲ့ဒီမှာ ခွင့်ပြုချက်မရှိဘဲ ဆိုတဲ့သူက တော်တော်ဒေါထွက်သွားတယ်ပေါ့။ အဲ့ဒီမှာ နောက်ဆက်တွဲတွေ ဖြစ်သွားတာပါ”ဟုပြောသည်။

ခွင့်ပြုချက်မယူဘဲ သီဆိုခဲ့သည်သူ၏နောက်မှာ စစ်ကောင်စီတပ်ဖွဲ့၏ စစ်တပ်အရာရှိတစ်ဦးဖြစ်နေပြီး ဆုမြတ်ထက်ကို ဖမ်းဆီးမှုတွင် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း မဆုမြတ်ထက်၏ လုပ်ဖော်ကိုင်ဖက်များက ယုံကြည် နေကြသည်။

မဆုမြတ်ထက် သည် ပြည်ပရှိအဖွဲ့တစ်ခု၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွင် Admin ဖြစ်နေခြင်း၊ ယင်းလူမှုကွန်ရက်အကောင့်မှ ဆုမြတ်ထက်ထံသို့ ငွေကျပ် သိန်း ၄၅၀၀ လွှဲထားခြင်း၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုရှိသည်ဟု စသဖြင့် စွပ်စွဲခြင်းမှာ မှန်ကန်မှုမရှိကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ က ပြောသည်။

မဆုမြတ်ထက်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက “ဒီစွပ်စွဲချက်တွေက အရမ်းကို ပြင်းထန်ပါတယ်။ တစ်ဖက်သက်လည်းဆန်ပါတယ်။ နောက်ပြီးခွင့်ပြုချက်မရှိဘဲ မူပိုင်သီချင်းကို ဆိုတဲ့သူကလည်း သဘောထားကြီးဖို့လိုပါတယ်။ မဆုမြတ်ထက်နဲ့ အမြန်ဆုံး ညှိနှိုင်းဖို့လိုပါတယ်။ ပြီးတော့ မဆုမြတ်ထက်ကို လွတ်ပေးဖို့လိုပါတယ်။ ဒီသီချင်းကို ခွင့်ပြုချက် မရှိဘဲ ဆိုပြီးနောက်ပိုင်းမှာ မဆုက အဖမ်းခံရတာဖြစ်ပါတယ်။ ဒီအပေါ်ကျနော်တို့ ခွင့်ပြုချက် မရှိဘဲ သီဆိုခဲ့တဲ့ အဆိုတော် အိမ့်ပန်းချီ ပြောချင်တာပါ”ဟုပြောသည်။

မူရင်းတေးဆို မဆုမြတ်ထက်ကို အဆိုတော် အိမ့်ပန်းချီက ရေဘေးသင့်ပြည်သူများပြန်လည် ထူထောင်နိုင်ရန် ရည်ရွယ်၍ ၎င်းတေးသီချင်းကို ပြန်လည်သီဆိုရာတွင် ပိုင်ရှင်များ၏ ခွင့်ပြု့ချက်ကို မတောင်းခံဘဲ သီဆိုခဲ့ပါသဖြင့် ခွင့်လွှတ်ပေးပါဟု အဆိုတော် အိမ့်ပန်းချီ၏လူမူကွန်ရက် စာမျက်နှာတွင် အောက် တိုဘာ ၄ ရက်နေ့တွင် ရေးသားခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article